Tuesday, November 25, 2008

ယုံကြည်တယ်


ခင်ဗျားတို့ဟာ...
ခံယူချက်တစ်ခုပေါ်မှာ
သစ္စာရှိတယ်..

ခင်ဗျားတို့ဟာ...
အားလုံးအတွက်
အနစ်နာခံတယ်..

ခင်ဗျားတို့ဟာ...
ကျုပ်တို့ရဲ့မရဲရင့်တဲ့နှလုံးသွေးတွေကို
ရဲရင့်လာစေတယ်..

ခင်ဗျားတို့ဟာ...
ကျုပ်တို့ရဲ့ဦးနှောက်တွေကို
နှိုးဆွပေးတယ်...

ခင်ဗျားတို့ကို...
ကျုပ်တို့အားလုံးလေးစားတယ်
ခင်ဗျားတို့ရဲ့ ရဲရင့်မှုမှာ
ကျုပ်တို့နှလုံးသွေးတွေ
ပူနွေးလာတယ်...

ယုံကြည်တယ်..
ပန်းတိုင်သာရှိနေရင်
အောင်ပွဲဆိုတာရှိရမှာပေါ့....

×××××××××××

-ရွှေအောင်

6 comments:

Ko Paw on Tuesday, November 25, 2008 11:29:00 AM said...

Good poem!

Anonymous said...

lote cha lite pyan pe

လူလ on Tuesday, November 25, 2008 5:55:00 PM said...

မင်္ဂလာပါ ကိုရွှေအောင်

ကဗျာကို လာခံစားသွား၏။
အမှန်တရားတွေကို သီကုံးဖွဲဆိုခြင်း တခု ဟု မြင်၏
အားပေးလျက်..

thorn musem on Wednesday, November 26, 2008 12:00:00 AM said...

ထပ်တူခံစားမှုပါဘဲ ညီလေးရေ....
လက်တွေ့ သူရဲကောင်းတွေ အတွက်တော့ ဒီထက် ကြီးမြတ်သော စကားလုံးတွေနဲ့  ...
ဂုဏ်ပြုကဗျာတွေ နဲ့  တင်စားပြီး....
သမိုင်းကဗျာတွေ ဆက်ရေးနိုင်ပါစေ...။

Shweaung on Wednesday, November 26, 2008 8:34:00 AM said...

ကိုပေါ ကိုလူလ..ကျေးဇူးပါဗျာ

ကိုဆူးရေ...ကျွန်တော်ကြိုးစားပြီးဒီထက်ကောင်းအောင်ရေးပါမယ်။
ကျွန်တော်ကစာတွေကဗျာတွေသိပ်မရေးတတ်သေးလို့ပါ..ကျေးဇူးတင်လျက်ပါ..

ကောင်းကင်ကို on Friday, November 28, 2008 8:21:00 PM said...

ကဗျာလေး ဖတ်သွားတယ်ဗျ။

မြန်မာ့ဂုဏ်ဆောင်

မြန်မာ့ဂုဏ်ဆောင်

လူထုခေါင်းဆောင်

လူထုခေါင်းဆောင်

ဒီလတော့ဒီလောက်ရှိပြီ

 

စိမ်းလန်းသောမြေ. Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Blogger Template by Bloganol dot com