ကျုပ်စဉ်းစားကြည့်မိတယ်။ တာဝန်ယူလိုစိတ်တဲ့။ ဒါကိုစဉ်းစားတော့ တာဝန်ဆိုတာဘာလဲ။ တာဝန်ဆိုတာ သေခြာမသိရင်တာဝန်ယူလိုစိတ်ဆိုတာသိတော့မှာမဟုတ်ဘူး။ တာဝန်ဆိုတော့ ကျုပ်ဘာကိုပြေးမြင်သလဲ
ဆိုရင်ရွှေပြည်ကြီးကတက္ကသီလာအပေါက်ဝမှာရပ်နေတဲ့ ဆရာ၊ ဆရာမလေးတွေကိုပြေးမြင်တယ်ဗျ။ သိဘူးလေဗျာ။ သူတို့လက်မောင်းမှာတာဝန်ဆိုတဲ့လက်ပတ်အနီရောင်လေးတွေပတ်ထားမဟုတ်လားဗျ။ ဟောနောက်တစ်မျိုးက ဘုရားပွဲဈေးတန်းလေးမှာ တာဝန်လက်ပတ်လေးဝတ်ပြီးရောက်ရောက်..ရောက်ရောက်
လျောက်သွားနေတဲ့ အရောင်စုံ(များလွန်းလို့နာမည်မရွတ်နိုင်ပါ)လူတွေ။
ဒီလူတွေဟာတာဝန်လက်ပတ်တွေဝတ်ထားလို့ တာဝန်ရှိသူတွေလား။ သူတို့မှာတာဝန်ရှိတယ်လို့ယူဆ သလို တာဝန်ယူလိုစိတ်အမှန်ရှိသလား။ စဉ်းစားကြည့်တာပါ။ ကျုပ်တို့တွေ နေ့စဉ်နဲ့အမျှတွေ့နေရတာက တာဝန်ရှိသူတွေ။ တာဝန်ယူလိုသူတွေမဟုတ်ဘူးဖြစ်နေတယ်။နည်းနည်းတော့ရှုပ်နေ ပြီ။ ဒီရွှေအောင်ဆိုတဲ့ကောင် ဟာလေဘာတွေပြောနေမှန်းကိုမသိဘူးလို့ထင်မယ်။ ဟုတ်တယ်ဗျ အမှန်တော့ကျုပ်ကိုယ်တိုင်လဲသိပ်မရှင်း သလိုဖြစ်နေလို့ဒီစာလေးချရေးကြည့်တာဗျ။ သိသူတွေရဲ့အကြံဥာဏ်လေးဘာလေးများရလေမလားလို့။ ဦးနှောက်ဖောက်စားခြင်းဆိုလား။ ပြုတ်စားခြင်းဆို လားသိပါဘူးဗျာ။ ထားလိုက်တော့။ ရှိစေ။
လူတွေဟာ(ကျုပ်အပါအ၀င်)တာဝန်ရှိသူနေရာမှာနေရရင်သိပ်ဘ၀င်ခိုက်တာပေါ့။ မင်းကွာ အသုဘမှာ
လှည်းဆွဲ တဲ့နေရာမှာကြီးကြပ်လိုက်ကွာဆိုရင်တောင်ငါနေရာရပြီဆိုပြီးပျော်တဲ့အမျိုးမဟုတ်လားဗျ။ :D …အသုဘလှည်းကြီးတွန်းတာတော့ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးလေ။ ဟောလမ်းမှာလှည်းပြဿနာတက် ပြီဆိုလို့ကတော့ဟိုလူမူးနေလို့၊ ဒီလူကတော့ကောင်းကောင်းမတွန်းလို့ ဆင်ခြေဆင့်လက်ဆင့်နားရွက်တွေ ကပေါ်လာပြီ။ ဒါငါမဟုတ်ဘူး ငါကသူသောက်လာမယ်မှမထင်တာ၊ ဟိုတစ်ယောက်ကလဲ ကောင်းကောင်း
မတွန်းတတ်မှန်းငါမှမသိတာ။ ရောခက်ပါရောလား။ ဒီလိုဒီလိုအရှောင်အတိမ်းဂျစ်ပစီဂျိမ်းလုပ်ကြပါရောလား။ တခါသားမှာဟောလီးဝုဒ်က ကလေးမ(နာမည်တော့မရေးတော့ဘူး သူလေး သိက္ခာအတွက်)ကိုယ်လေးလက်ဝန်ရှိပါရောလား( မရိုသေ့စကား) ။ ကျုပ်ငရွှေအောင်လဲ ကျုပ်နှင့် ကလေးမမည်သို့မှမပတ်သတ်ကြောင်းငြင်းချက် ထုတ်ခဲ့တာကလား။ ကျုပ်လဲဒီလိုပဲဗျ။ တာဝန်ရှောင် ချင်တာများပြောပါတယ်။ ကိုယ်အထုတ်ကိုယ်ဖြေချ လိုက် တာ။ ဟိဟိ။
ကျုပ်တို့အလုပ်တစ်ခုလုပ်တဲ့အချိန်မှာဘယ်အရာကိုမှကြိုတွက်မထားနိုင်ဘူးဆိုတာကျုပ်တို့အားလုံးမေ့ထားလို့မရ
ပါဘူး။ ကျုပ်တို့လုပ်မယ့်အလုပ်နဲ့ဖြစ်လာနိုင်ခြေအများဆုံး ကိုကြိုတွက် ဒါလောက်ပဲတတ်နိုင်ကြမှာပေါ့။ ဂေါတမမြတ်စွာဘုရားဟာ(ဟာဒီကောင်တော့မဆိုင်တဲ့အပေါက်ဂလိုင် နဲ့ခေါက်နေပြန်ပြီ…ဘေးကသြ ဘာပေး တာ) ၀ိနည်းသိက္ခာပုဒ်တွေပညတ်တာဟိုးဘုရားစပွင့်တည်းက ပညတ်ခဲ့တာမှမဟုတ်ဘဲပဲ။ ဒီလိုဆိုတော့ လုံးစုံသိပါတယ်ဆိုတဲ့မြတ်စွာဘုရားကဒါတွေကြိုမမြင်လို့လား။ မဟုတ်ပါဘူး။ အလုံးစုံကိုမြင်ပြီးသားပါ။ ရှင်သာရိပုတ္တရာလိုပုဂ္ဂိုလ်မျိုးက၀ိနည်းသိက္ခာပုဒ်ပညတ်ဖို့ တောင်းဆိုတာတောင်မြတ်စွာဘုရားကပယ်ချ တော်မူပြီးလိုအပ်မှပညတ်မယ်လို့ဆိုမဟုတ်လားဗျ။ မြတ်စွာဘုရားတောင်မှဝိနည်းကိုလိုအပ်မှထုတ်ရင် ကျုပ်တို့သာမာန်လူသားတွေလိုလဲလိုအပ်မှ စည်းကမ်းလေးတွေထုတ်တာတော့မှားမယ်မထင်ဘူးဗျ။ အဲအဲ..တစ်ခုတော့ရှိတာပေါ့ဗျာ ဖြစ်ပြီးတာတွေကိုတော့ဂျစ်ပစီဂျိမ်းမလုပ်ကြေးပေါ့။ ဟုတ်ဘူးလား။
လူတွေ..လူတွေမှကျုပ်တို့လိုအန္ဓပုထုဇဉ်တွေဗျာဘယ်မှာအမှားကင်းနိုင်မှာတုန်းဗျ။ မှားပြီဟေ့ဆိုမှဖြင့် ငါ့နှယ်ကွာကြိုမသိရကောင်းလား ဟိုလူဒီလူအပြစ်တင်နေမှာလား။ ဟုတ်ပြီဒါဆိုတာဝန်ဆိုတာလေးကို
ပြန်ဆက်ကြည့်ရအောင်။ တာဝန်ယူတယ်ဆိုတဲ့နေရာမှာတာဝန်ယူခြင်းနဲ့တာဝန်ပေးအပ်ခြင်းနှစ်မျိုးရှိ တယ်ဆိုပါဆို့ဗျာ။ နှစ်မျိုးထက်ပိုကောင်းပိုမယ်။ ကျုပ်ပြောချင်တာကဒီနှစ်မျိုးအကြောင်း။
တာဝန်အပ်နှင်းခံရပြီဆိုမှဖြင့်ဒီပုဂ္ဂိုလ်ဟာအပ်နှင်းခံတာဝန်နေရာအတွက်တာဝန်ရှိသလိုဖြစ်ပေါ်လာတဲ့ ကောင်းကျိုးဆိုးကျိုးတွေအပေါ်မှာပါတာဝန်ယူရတော့မယ်။ ဒါပေမယ့်သူ့ကိုတာဝန်ပေးအပ်သူဟာလဲ ဒီပေါ်မှာတာဝန်အထိုက်အလျှောက်ရှိနေတယ်ဆိုတာလုံးဝမေ့လို့မရပါဘူး။ ဘာလို့လဲဆိုတော့သူဟာ
ဒီတာဝန်ကိုပေးအပ်ခဲ့တဲ့လူဖြစ်နေလို့။ တာဝန်အပ်နှင်းသူဟာတာဝန်အပ်နှင်းခံပုဂ္ဂိုလ်ကိုရွေးချယ်ခွင့် ရှိသလို၊ ရွေးချယ်နိုင်တဲ့အရည်အချင်းရှိနေလို့ပဲ။ ဒီအခွင့်အရေးရော အရည်အချင်းပါပိုင်ဆိုင်ပါလျက်
ပြဿနာကိုရင်ဆိုင်ပုံမမှန်ရင်ဘယ်လိုလဲ။ ဒီကိစ္စမျိုးမှာတာဝန်အပ်နှင်းသူရော တာဝန်လက်ခံသူရော တာဝန်ယူရမယ်လို့ကျွန်တော်မြင်တယ်ဗျ။
ဒီကိစ္စမျိုးအတွက်ဆိုရင် အမေရိကန်သမ္မတကသူ့ ၀န်ကြီး အဖွဲ့ရွေးချယ်သလိုပေါ့ဗျာ။ ဟဟ..ဒီငရွှေအောင် တော့ချီးစိမ်းပန်းတော့မယ်လို့တော့ထောပနာပြုကြ အုံးမယ်။ အမေရိကန်သမ္မတ တစ်ယောက်ရွေးချယ်ခံရ ပြီဆိုရင်ဖြင့်တစ်ကမ္ဘာလုံးက စိတ်ဝင်စားကြ မဟုတ် လားဗျ။ ဒါနဲ့နောက်ဆက်တွဲသူ့ဝန်ကြီးအဖွဲ့မှာဘယ်သူတွေ ကိုရွေးမလဲကြည့်ကြဆိုသကိုးဗျ။ ဒီအမေရိ ကန်သမ္မတဆိုတဲ့ငနဲကလဲတယ်ပါဝါကြီးသကိုလို့။ အမှန်ကသူရွေးတဲ့ဝန်ကြီးအဖွဲ့ကိုလွှတ်တော်က ပယ်ချနိုင်သတဲ့ဗျ။ ဒါပေမယ့်သမ္မတကြီးသင့်လို့ရွေးထားတာကိုပယ်ချ ခဲ့တယ် ဆိုတာ အမေရိကန် သမိုင်းမှာမရှိဘူးလို့ဆိုတာဗျ။ ဒီဂလောက်..ဒီဂလောက်ကိုပါဝါကြီးတာဗျ။
ဟောနောက်တစ်မျိုးကတာဝန်ယူခြင်း။ ဒါကတော့ပိုပြီးဝန်ကြီးသွားပြီဆိုတာကျွန်တော်တို့အားလုံးသိ ထားရမယ်။ ဟုတ်ပြီဘာလို့တာဝန်ကြီးသွားလဲ။ ဒီတာဝန်ဆိုတာကို ကိုကယူပါမယ်လို့ကြေငြာထားလို့ ပဲ။ တာဝန်တစ်ခုကို ကိုယ်တိုင်ကယူထားလို့ရှိရင်ဒီတာဝန်ပေါ်မှာကိုယ်တိုင်ကတာဝန်ယူလိုစိတ်ရှိရမယ်။ ရှိရမယ်ဆိုတာကိုထပ် ဖြည့်ရရင်ယူကိုယူရမယ်။ ဒီနေရာမှာဘာလို့လဲဆိုတဲ့မေးခွန်းတက်လာနိုင် တယ်။ ဟုတ်ပြီလေအမေးရှိတော့ အဖြေပေးရပေမပေါ့။ အမေးနွားကျောင်းသား အဖြေဘုရားလောင်း တဲ့။ စကားပုံပြောပါတယ်။ အခုကတော့ရွှေအောင်မေး၍ရွှေအောင်ဖြေကဏ္ဍ ဆိုတော့ နွားကျောင်း သားမေး၍နွားကျောင်းသားဖြေသည် ပေါ့ဗျာ။ မဟုတ်ဘူးလား။ ဟိဟိ…။ ကျွန်တော်တို့တွေဟာတာဝန် တစ်ခုကိုယူဖို့ရာကိုတိုင်ဆုံးဖြတ်ခွင့်ရှိတယ် မဟုတ်လား ဗျ။ ဟဲ့ငရွှေအောင်နင်စင်္ကာပူဝန်ကြီးချုပ်လုပ် စမ်း။ အံမယ်..ကျုပ်ကိုဒါမျိုးခိုင်းလို့ရရိုးလား။ လုပ်ဘူးဟေ့လို့အပြတ်ငြင်းလိုက်မှာ။ ကျုပ်ဆိုတဲ့ငရွှေအောင်ကလဲ ကိုယ်ဆန္ဒမပါလို့ကတော့အဲလိုအပြတ်ငြင်း တာဗျ။ ကိုယ့်ဆန္ဒနဲ့ကိုယ်လေ။ ဒီလိုငြင်းခွင့်ရှိတာပေါ့။ ကျုပ်ဆန္ဒများသာရှိလို့ကတော့လူတွေအများကြီးကြားထဲ ဘူ…ခနဲနေအောင်ပေါက်ပြစ်လိုက်တာ။ ဂရုများမစိုက်ပေါင်။
ကဲကဲ…Let start the show..ဩော်..မှားကုန်ပါပြီ..အဆုံးသတ်လိုက်ရအောင်။
ပြီးပြီ…
ဟင်ဒီလိုကြီးလား...ဒီလိုပဲပေါ့..
×××××××××
-ရွှေအောင်

8 comments:
ဒီဆောင်းပါး အရမ်းကောင်းတယ်။ သရော်တဲ့နေရာမှာ ပြောင်မြောက်တာရော… ပေးချင်တဲ့ အနှစ်သာရ အားဖြင့်ရော နှစ်မျိုးလုံး ပြောစရာမရှိ။
ပြော၊ မပြောချင်ပါဘူးဟယ်။ ဂယ်ပဲ။ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ comment ၀င်ရေးသွားတယ်ပဲ မှတ်ပေါ့။ ဇွတ်ကို တာဝန်ဝင်ယူလိုက်ပြီ။ ဒါပဲ
ပြော.... မပြောချင်တော့ပါဘူးဟယ်။ ဂယ်ပဲ။ တာဝန်သိပြည်သူတစ်ဦးအနေနဲ့ ကွန်မန့်ဝင်ရေးသွားတယ်ပဲ မှတ်လိုက်ပါတော့ ၊ အဲဒီလို ဇွတ်ကို တာဝန်ယူသွားပြီ၊ ဒါပဲ
ko shwe aung
တာဝန်သိ, အရည်အချင်းရှိ reader တစ်ယောက်အနေနဲ့ တာဝန်အရ comment ၀င်ရေးသွားပါတယ်..စင်ကာပူစင်္ကြ၀တေးမင်း မလုပ်ဘူးလို့ငြင်းထားတဲ့အတွက်ဝမ်းသာမိပါတယ်..( ပြိုင်ဘက်တစ်ယောက်လျော့သွားလို့ပါ).:P
*ကိုပေါနော်...
သိပ်မြှောက်လို့ကျွန်တော်ဟိုဟာတက်သွားရင်ကိုပေါ..
တာဝန်မကင်းဖြစ်သွားမယ်...(ဘ၀င်တက်သွားခြင်းကိုဆို လိုပါသည်)
ခပ်ပြင်းပြင်းဝိုင်တခွက်ရေ...
ဇွတ်ကြီးပဲရေးရေး..တာဝန်ကြောင့်ရေးရေး...ကျေးဂျူး..
:P
ဖြူမေ..
တာဝန်သိ, အရည်အချင်းရှိ reader တစ်ယောက်ဆိုတာ ဘယ်သူ့ကိုပြောတာလဲ..ဟိ..
စင်္ကာပူဝန်ကြီးချုပ်ရတဲ့လစာက အမေရိကန်သမ္မတထက်
၅ ဆများပေမယ့်..သမီးလေးကိုစိန်မစီပေးနိုင်မှာဆိုးလို့ငြင်းလိုက်တာ...*
လာဖတ်သွားပါတယ်၊ အရမ်းကောင်းတဲ့ post တစ်ခုပါ။
အားပေးလျက်ပါ။
ညီလေးရေ...
တာဝန်သိသိလာဖတ်သွားတယ်...
တော်တော်ကို သဘောကျတယ်..
တာဝန်အရ သဘောကျတာမဟုတ်ပါ...
တစ်ကယ်ကို တာဝန်သိသိသဘောကျတာပါ...
ရှုပ်ကုန်ပြီ...
ကဲ....တာဝန်ယူပြီးရှင်းလိုက်တော့...။
သူငယ်ချင်းရေ.... ဒီစာကိုဖတ်ရတာ ဘယ်နှစ်ခေါက်ဖတ်ဖတ် ရိုးမသွားဘူး။ ဖတ်ဖလ ဖတ်ဖလ ကောင်းလာလေပဲ။ ငါအကြိုက်ဆုံး ပိုစ်ပဲ။ တကယ်ဂွတ်တယ်ဟယ်။
Post a Comment