Monday, January 5, 2009

သံသရာ(၁)


Happy New Year 2009!!!

နှစ်သစ်တစ်ခုကိုရောက်လာတဲ့အချိန်ကျွန်တော့်စိတ်ထဲရောက်လာတာကတော်တော်အဖြေကျပ်တဲ့မေးခွန်း။ သံသရာဆိုလို့တရားဟောတော့မယ်လို့တော့မထင်နဲ့ဗျ။ ကျွန်တော်ပြောမယ့်သံသရာကနိုင်ငံခြားရောက် ရွှေမြန်မာတို့ရဲ့ စက်ဝန်းသံသရာအကြောင်းပေါ့။ ကျွန်တော်အပါအ၀င်နိုင်ငံခြားရောက်မြန်မာတွေကြား အမြဲကြားရတဲ့စကားကမြန်မာပြည်ကိုပြန်ချင်တယ်ဆိုတာပဲ။ပြန်ချင်ရင်ပြန်လို့မရဘူးလားလို့မေးရင်ချက်ခြင်း ပြန်ဖြေ နိုင်ဖို့စကားလုံးတွေရှားပါးလှတာကိုအမြဲတွေ့နေရတယ်။ ဒါဆိုမင်းကိုယ်တိုင်ရော။ ဒါဟာလဲကျွန်တော် ကိုယ်တိုင်အမြဲမေးနေဖြစ်တဲ့မေးခွန်းလေးပါ။ ကျွန်တော်ကိုယ်တိုင်ကောင်းကောင်းဖြေနိုင်ပြီလားလို့မေးရင် မရေရာတဲ့စကားတွေနဲ့ဖြေနေရဆဲဆိုတာဝန်ခံပါတယ်။

ဒါဘာကြောင့်လဲ။ အကြောင်းရင်းခံတခုကတော့ရှိကိုရှိရမှာပေါ့။ ကျွန်တော့်အမြင်တွေကိုကျွန်တော်ရေးချကြည့် မယ်နော်။ကျွန်တော့်အမြင်ကိုမရေးခင်မှာနိုင်ငံခြားမှာလက်ရှိရောက်နေတဲ့သူငယ်ချင်းတွေကိုမေးကြည့်ဖြစ်တာ လေးတွေကိုအရင်ရေးပြချင်ပါတယ်။ အကြောင်းအရင်းခံကိုသိမှအကျိုးကိုသိနိုင်မှာမဟုတ်လား။

ကျွန်တော်ဒီမှာရောက်နေတဲ့သူငယ်ချင်းတော်တော်များများကိုမေးကြည့်တယ်။ မင်းတို့ဒီမှာတသက်လုံးနေ မှာလား။ ဒီမေးခွန်းရဲ့အဖြေမှာတော့ဘယ်တော့မှမကွဲလွဲဘူး။ လုံးဝမနေဘူးဆိုတာအားလုံးရဲ့အဖြေပဲ။ ကျွန်တော်တဆင့်တက်မေးကြည့်တယ်။ ဘယ်နှစ်နှစ်လောက်နေမလဲဆိုတဲ့မေးခွန်း။ ဒီမေးခွန်းကိုစဖြေထဲက နောက်ပိုင်းမေးခွန်းတွေဟာရေရာတဲ့အဖြေအဖြစ်မရှိကြတော့တာတွေ့ရတယ်။

ဒုတိယမေးခွန်းရဲ့အဖြေတွေဟာကျွန်တော့်အတွက်တော့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့အဖြေ တွေကိုကျွန်တော်တို့လေ့လာကြည့်ရအောင်...
၁။ အင်း...သုံးနှစ်လောက်ပေါ့...
၂။ ဒီမှာ PR လေးတင်ကျလာရင်တော့ ငါးနှစ်လောက်တော့နေဖြစ်မယ်ထင်တယ်...
၃။ ဒီမှာ PR လေးကျရင်အိမ်ထောင်ဖက်ကိုဒီကိုခေါ်လိုက်မယ် ခလေးတွေပညာရေးအတွက်ဒီမှာက ကောင်းတယ်...
၎။ ဒီမှာ PR လေးကျရင်ကျောင်းလေးဆက်တက်ပြီးကောင်းတဲ့အလုပ်လေးရရင်ဆယ်နှစ် ဆယ့်ငါးနှစ်လောက် နေပြီးမြန်မာပြည်မှာပြန်နေပြီးအေးအေးဆေးဆေး အလုပ်လေးတစ်ခုလောက်လုပ်တာပေါ့..
မေးခွန်းရဲ့အဖြေတွေကဒီထက်များပြီးဒီထက်မသေခြာမှုတွေများပါတယ်။ ဒီမှာစာရှည်မှာဆိုးလို့ဒီလောက်ပဲနမူ နာအဖြစ်ရေးပြတာပါ။

ကျွန်တော့်ရဲ့ဒုတိယမေးခွန်းကိုဖြေတဲ့သူငယ်ချင်းတွေကိုကျွန်တော်တတိယမေးခွန်းလေးဆက်မေးပါတယ်။ မဂ္ဂဇင်း Interviewer ၀င်စားတယ်လို့တော့မထင်နဲ့နော်။ သူတို့ကိုကျွန်တော်သိခြင်တာတွေကို မေးခွန်းမေးသ လိုမေးတာမဟုတ်ဘူးဗျ။ မေးခွန်းတွေဟာစကားဝိုင်းတ၀ိုင်းထဲမှာတခါတည်းမေးတာထက် ကြုံမှမေးခွန်းတခုစီ ကိုမေးဖြစ်ခဲ့တာပါ။ စကားတွေကဘေးရောက်နေပြီ။ တတိယမေးခွန်းရဲ့အဖြေကတော့ပိုပိုပြီးမသေခြာတော့ ပါဘူး။ ဟုတ်ပြီ...မြန်မာပြည်ကိုပြန်ချင်တယ်ဆိုတာတော့ဟုတ်ပါပြီ ဟိုရောက်ရင်ဘာအလုပ်လုပ်မှာလဲ။ ဒီမေးခွန်းကိုချက်ခြင်းပြန်ဖြေနိုင်တဲ့လူတော်တော်ရှားတာကိုအံ့သြဖွယ်တွေ့ရပါတယ်။ ကျွန်တော်ဆက်မေးတတ် တဲ့မေးခွန်းတွေရှိပါတယ်။ ဒီစာမှာဒီမေးခွန်းသုံးခုနဲ့တင်နိုင်ငံခြားသံသရာလည်လို့ရပြီဖြစ်လို့ရပ်လိုက်ပါမယ်။ ဘာကြောင့်လည်တယ်ဆိုတာကျွန်တော်အရှည်ရှင်းပြဖို့လိုမှာမဟုတ်ပါဘူး။ နိုင်ငံခြားဆိုတာကိုလာတယ် မြန်မာပြည်ကိုပြန်တယ် စီးပွားရေးလေးလုပ်ကြည့်တယ်။ သိပ်အဆင်မပြေဘူးပြန်လာတယ်။ ဒီကစပြီးသံသရာ လည်ရာကနေကျွန်တော်တွေ့ဘူးတဲ့ အန်ကယ်ကြီးတစ်ယောက်ဆို သူ ၂၇ နှစ်တည်းကစင်္ကာပူမှာ နေလာ ပြီး သွားချီပြန်ချီနဲ့ သူ့အသက် ၆၂ နှစ်မှာစင်္ကာပူကိုပြန်လာပြီး အခုဆိုရင် အသက်၆၅ နှစ်ထဲရောက်နေပြီ မပြန်နိုင်သေးဘူးဗျ။ ဒါဘာကြောင့်လဲ။

ကျွန်တော်စဉ်းစားမိသလောက်ရေးကြည့်မယ်နော်။ အမှန်လို့တော့မဆိုလိုပါဘူး အမှန်နဲ့အနီးစပ်ဆုံးဖြစ်အောင် တော့စဉ်းစားကြည့်တာပါ။ ကျွန်တော်တို့အားလုံးနီးပါးဟာနိုင်ငံခြားကိုထွက်ဖို့စဉ်းစားတဲ့နေရာမှာစဉ်းစားပုံစဉ်း စားနည်းအမျိုးမျိုးရှိတယ်။ ဥပမာဗျာ နိုင်ငံခြားအတွေ့အကြုံလိုချင်လို့၊ ဘွဲ့လွန်တက်ချင်လို့၊ ၀င်ငွေကောင်း ကောင်းရှိချင်လို့ စသဖြင့်အမျိုးမျိုးရှိတတ်ပါတယ်။ ဘာလိုရည်ရွယ်ချက်နဲ့လာသူပဲဖြစ်ပါစေ ၉၀% လောက်က တော့မြန်မာပြည်မှာပဲပြန်လည်အခြေချချင်ကြတာကိုကျွန်တော်သတိထားမိပါတယ်။ ဒါပေမယ့်ကျွန်တော်သတိ ထားမိတာကတော့အဲဒီ ၉၀% လောက်ကကိုပဲနောင် ၁၀ နှစ်၊ နှစ် ၂၀ ဆိုတဲ့အနာဂတ်ရည်မှန်းချက် ပြင်ဆင်လာကြတာမတွေ့ရပါဘူး။ ကျွန်တော်တို့ဒီမှာရှာလို့ရတဲ့ဝင်ငွေဟာကိုယ့်မိခင်နိုင်ငံရောက်ချိန်မှာ ဒီတိုင်း တသက်လုံးထိုင်စားလို့မရနိုင်ဘူးဆိုတာတော့စဉ်းစားစရာမလိုအောင်သေခြာနေပြီးသားဆိုတာအားလုံးအသိ ပဲဖြစ်မှာပါ။

နိုင်ငံခြားကိုအလုပ်လုပ်ဖို့ထွက်လာတဲ့မြန်မာအားလုံးနီးပါး (အားလုံးမဆိုလိုပါ) ကိုမေးကြည့်တာ။ နိုင်ငံခြားထွက် ဖို့အတွက်ဘာတွေပြင်ဆင်ထားလဲလို့မေးရင် သင်တန်းတွေတက်တယ်၊ အင်္ဂလိပ်စကားပြောတက်တယ်၊ သက် ဆိုင်ရာနိုင်ငံဘာသာစကားနဲ့ ယဉ်ကျေးမှုတွေလေ့လာတယ်။ ဒါတောင်ဒီလောက်မလေ့လာဘဲလာတဲ့လူတွေ ရှိသေးတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆိုစင်္ကာပူကို အလည်အပတ်ဗီဇာနဲ့လာပြီးအလုပ်ရှာတယ်။ မင်းဘာပြင်ဆင်လာလဲမေးတော့ဘာမှမပြင်ဆင်ခဲ့ဘူးတဲ့။ သူငယ်ချင်းတွေနဲ့အတူလာတာတဲ့။ လူကြုံကောင်းလို့ ဆိုပါတော့ဗျာ။ သူရောက်ပြီးတစ်ပတ်လောက်နေတော့Interview ရတယ်။ ညနေပိုင်းကျတော့ကျွန်တော့်ကို ဖုန်းဆက်တယ်။ သူမေးတာတွေလဲငါနားမလည်ဘူး။ ငါလည်းဘာမှပြန်မပြောတတ်ဘူးတဲ့။ ကဲကောင်းရော။ အဲဒါပေမယ့်ကံကောင်းထောက်မစွာနဲ့အလုပ်တခုရသွားတယ်။ ဒါကပြင်ဆင်မှုအပိုင်း။

ပြင်ဆင်မှုတွေမှာအံ့သြဖွယ်တွေ့ရတာကယခုချက်ချင်းရင်ဆိုင်ရမယ့်ကိစ္စတွေအတွက်တောင်ပြင်ဆင်မှုတွေ မသေခြာတာတွေ့နေရပါတယ်။ နောင်ဒီကပြန်လို့မြန်မာပြည်မှာဘယ်လိုအခြေအနေရင်ဆိုင်မလဲဆိုတာ တော့ ပိုလို့တောင်ဝေးနေပါသေးတယ်။ ကျွန်တော်ကြားဖြတ်ပြီးမြန်မာမိသားစုဆက်ဆံရေးအကြောင်းနည်းနည်းရေး ကြည့်ချင်ပါတယ်။ ကျွန်တော့်အယူအဆကတော်တော်များများနဲ့ကွဲလွဲနေမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့မြန်မာမိသားစုတော်တော်များများဟာမိသားစု ချင်းမှာတောင်ပွင့်လင်းမှုနည်းတာကိုတွေ့ရပါတယ်။ မိဘတွေဟာသားသမီးတွေကို အိမ်ကအခက်အခဲတွေကို ပေးမသိစေချင်ပါဘူး။ မသိစေချင်တာကသားသမီး တွေကိုစိတ်မညစ်စေချင်လို့။ အခက်အခဲတွေကိုသူတို့ကိုယ်တိုင်ဖြေရှင်းချင်တယ်။ သားသမီးတွေကလဲ အိမ်ကအခြေ အနေကိုသိအောင်မကြိုးစားကြဘူး။ အဲဒီကိစ္စကိုမိဘမေတ္တာလို့တော်တော်များများလက်ခံထား ပါတယ်။ ကျွန်တော်တစ်ယောက်ထဲအယူအဆကတော့လုံးဝလက်မခံပါ။ကျွန်တော့်တစ်ယောက်ထဲ အမြင်ကတော့မြန်မာမိသားစုတွေရဲ့ဆက်ဆံရေး ဟာဒီ့ထက်ပွင့်လင်းသင့်တယ်လို့ထင်တယ်။ အရွယ်ရောက်ပြီး သားသမီးတွေဟာအိမ်ရဲ့ဝင်ငွေ၊ ထွက်ငွေ အားလုံးကိုသိသင့်တယ်လို့ယူဆပါတယ်။ ဒါမှလဲသူတို့ကိုယ်တိုင် ချင့်ချိန်သုံးသပ်နိုင်မယ်လို့ထင်ပါတယ်။

နောက်ထပ်စဉ်းစားမိတာတစ်ခုကလွဲမှားစွာဂုဏ်ယူမှုအပိုင်း။နိုင်ငံခြားလွှတ်တဲ့နေရာမှာလဲ သူများသားသမီးတွေ နိုင်ငံခြားမှာနေ လို့ငါ့သားသမီးလဲ နေရစေမယ်၊ ကျောင်းတက်ရင်တက်စေရမယ်ဆိုတာမျိုးကိုပိုတွေ့ရတယ်။ ဒီ့ထက်ကောင်းတဲ့ ရည်ရွယ်ချက်တွေရှိသင့်တယ် လို့ထင်တယ်။ နောက်ပြီးလတ်တလောအိမ်ရဲ့ဝင်ငွေ ကိုတစ်ဖက်တလမ်းကဖြည့်ဆည်းနိုင်ဖို့။ နိုင်ငံခြားထွက်လာတာ လတ်တလောပြဿနာတွေကိုဖြေရှင်း ချင်တာထက်ပိုတဲ့ရည်ရွယ်ချက် ရည်မှန်းချက်ရှိကိုရှိသင့်တယ်လို့ကျွန်တော်တော့ယူဆတယ်။ ကျွန်တော်တို့နိုင်ငံခြားသံသရာမလည်ဖို့လို ပါတယ်။

ဆက်ပါမည်..

×××××××××××

-ရွှေအောင်

2 comments:

uranusaquarian on Friday, January 09, 2009 1:46:00 AM said...

ဆုံးပြီမှတ်တာ ....... သူကလည်း အဆုံးမသတ်သေးပါလား။
၁) မိဘနဲ့ သားသမီးကြားက တစ်စုံတစ်ခုသော အတိုင်းအတာအထိ ပွင့်လင်းရေးမူကို ထောက်ခံပါတယ်။
၂) နိုင်ငံရပ်ခြားကို ထွက်လာတာရဲ့ မူရင်း ရည်ရွယ်ချက်ကတော့ လူတွေရဲ့ နောက်ခံအကြောင်းအရာတွေလိုက်ပြီး ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် ရလဒ်လည်း ကွဲမှာပဲ စိတ်မပူနဲ့။
၃) ဒီမှာလာလုပ်ပြီး Fortune Building လုပ်နိုင်လောက်အောင် ရသွားသည့်တိုင်အောင် ကိုယ်ပြန်တဲ့အခါ ဘာကိုဦးတည်ပြီး ရင်းနှီးမြှုပ်နှံမလဲ (လူကြီးတွေပြောတဲ့စကားလေး ငှါးပြောမယ်နော်- နောင်နေမယ့်လင် အမေမြင်လှည့်ပါ-တဲ့)
နောက်တစ်ပိုင်းကြည့်ပြီးမှ ကျန်တာ ဆက်စဉ်းစားတော့မယ်။ အခုတော့ ရလာတဲ့ ပိုက်ပိုက်လေးကို အိမ်ပြန်ပို့လိုက်ဦးမယ်။ လတ်တလော ဟိုမှာ အသုံးအစွဲတွေ ကျပ်နေသတဲ့ကွယ်။ ဟီး ဟီး (ကြော်ငြာ)

Anonymous said...

I do agree post. I am not sure what to do when I go back our country too. But your post gave me some thoughts. Thanks!

မြန်မာ့ဂုဏ်ဆောင်

မြန်မာ့ဂုဏ်ဆောင်

လူထုခေါင်းဆောင်

လူထုခေါင်းဆောင်

ဒီလတော့ဒီလောက်ရှိပြီ

 

စိမ်းလန်းသောမြေ. Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Blogger Template by Bloganol dot com