ကျွန်တော်ဒီတလော စဉ်းစားမိတာက ကျွန်တော်တို့အားလုံးအမြဲပြောနေတတ်တဲ့ မြန်မာ့နိုင်ငံရေးဆိုတာထက် တစ်ဦးချင်း လွတ်လပ်ရေး။ ဒီလိုရေးလိုက်လို့ ရွှေအောင်တော့ ဟိုတုန်းကနိုင်ငံရေး ဆိုတာကိုစဉ်းစားနေတာလို့ မထင်လိုက်ပါနဲ့။ ကျွန်တော်ပြောတာက မြန်မာနိုင်ငံသားတိုင်းပြောတတ်တဲ့ နိုင်ငံရေးစကားမျိုးကိုဆိုလိုတာပါ။ ကိုယ့်နိုင်ငံကို သူများနိုင်ငံတွေလိုလျှပ်စစ်မီးနေ့တိုင်းလာစေချင်တာကအစ လူတိုင်းလွတ်လပ်တဲ့လူ့အခွင့် အရေး ရှိရေးအဆုံးပြောတတ်တဲ့စကား လောက်ကိုပြောတာပါ။ တော်တော်ကြာ ဒီရွှေအောင်ဆိုတဲ့ကောင်တော့နိုင်ငံရေး တွေလုပ်နေပါတယ်ဆိုပြီး အမိမြန်မာပြည်ရဲ့ခမ်းနားကြီးကျယ်လှတဲ့ အင်းစိန်နန်းတော်မှာ အနားယူနေရမှာတော့ ကြောက်တယ်ဗျ။
ရန်ကုန် ကဗိုလ်ချုပ်လမ်းပေါ်မှာ National CD ဆိုပြီးတခမ်းတနားဖွင့်ထားတဲ့ဆိုင်ကြီးမှာ တစ်ကမ္ဘာလုံးမှာ ဈေးကြီးပေးဝယ်ရတဲ့ Software CD တွေကို လိုင်စင်မဲ့ တင်ရောင်းခွင့်ရှိတဲ့ ရွှေပြည်ကြီးမှာ Google ကအလကားပေးတဲ့ဝန်ဆောင်မှုတွေကိုလိုင်စင်မတင်ဘဲ သုံးမှုနဲ့ အမှုဆင်ခံရနိုင်တယ်ဆိုတာ ကျွန်တော်ငရွှေအောင် လေးလဲသိပါ့ဗျာ။ မကြောက်ဘူးလားလို့မေးရင် ဒီပို့စ်ကို ပြန်ဖတ်ပေးပါ။
ဒါပေမယ့်ကျွန်တော်တို့ လူရယ်လို့ဖြစ်လာရင် ဘာတွေဟာမလွတ်လပ်ဘူး ဘာတွေဟာငါတို့ကိုယ်ပိုင်ရ နိုင်တဲ့ အခွင့်အရေးပဲဆိုတာတော့သိသင့်ပါတယ်။ ဒါတွေသိချင်ရင်တော့ ဒီပို့စ်ကို ပြန်ဖတ်ပေးပါ။ ကျွန်တော်တို့ လူ သားတွေ အထူးသဖြင့် အာဏာရှင်လက်အောက်မှာနေနေရတဲ့လူသားတွေအားလုံး ဟာ ကိုယ်ပိုင်အခွင့်အရေး ဆိုတာ ဘာလဲလို့မသိကြတာများပါတယ်။ ကျွန်တော်ဆိုလိုတာ မြန်မာမှမဟုတ်ပါဘူး။ အာဏာရှင်နိုင်ငံ အားလုံး ကပြည်သူတွေဟာ ဒီလိုပဲဖြစ်တတ်ပါတယ်။ ဘာလို့ဒီလိုဖြစ်ရလဲဆိုတာတော့ကျွန်တော်လဲ ပညာရှင်မဟုတ်လို့ သေခြာမပြောနိုင်ပါဘူး။ ဒါပေမယ့်ကျွန်တော် ထင်ပါတယ် နိုင်ငံတစ်နိုင်ငံရဲ့ အသက်လို့ဆိုတဲ့ မဏ္ဍိုင် (၄) ရပ် လုံးအားနည်းချွတ်ယွင်းရာက စတယ်လို့ထင်ပါတယ်။ အခုကျွန်တော်တွေးမိတာတွေကတော့မဏ္ဍိုင်(၄) ရပ်ရဲ့ အားနည်းချက်တွေထက် ကျွန်တော်တို့ အားနည်းချက်လေးတွေကြောင့်ဒါတွေ ဆက်လက်ရှင်သန်နေတာ ကို အဓိကထား တွေးကြည့်လိုပါတယ်။
ဒါပေမယ့်ကျွန်တော်တို့ လူရယ်လို့ဖြစ်လာရင် ဘာတွေဟာမလွတ်လပ်ဘူး ဘာတွေဟာငါတို့ကိုယ်ပိုင်ရ နိုင်တဲ့ အခွင့်အရေးပဲဆိုတာတော့သိသင့်ပါတယ်။ ဒါတွေသိချင်ရင်တော့ ဒီပို့စ်ကို ပြန်ဖတ်ပေးပါ။ ကျွန်တော်တို့ လူ သားတွေ အထူးသဖြင့် အာဏာရှင်လက်အောက်မှာနေနေရတဲ့လူသားတွေအားလုံး ဟာ ကိုယ်ပိုင်အခွင့်အရေး ဆိုတာ ဘာလဲလို့မသိကြတာများပါတယ်။ ကျွန်တော်ဆိုလိုတာ မြန်မာမှမဟုတ်ပါဘူး။ အာဏာရှင်နိုင်ငံ အားလုံး ကပြည်သူတွေဟာ ဒီလိုပဲဖြစ်တတ်ပါတယ်။ ဘာလို့ဒီလိုဖြစ်ရလဲဆိုတာတော့ကျွန်တော်လဲ ပညာရှင်မဟုတ်လို့ သေခြာမပြောနိုင်ပါဘူး။ ဒါပေမယ့်ကျွန်တော် ထင်ပါတယ် နိုင်ငံတစ်နိုင်ငံရဲ့ အသက်လို့ဆိုတဲ့ မဏ္ဍိုင် (၄) ရပ် လုံးအားနည်းချွတ်ယွင်းရာက စတယ်လို့ထင်ပါတယ်။ အခုကျွန်တော်တွေးမိတာတွေကတော့မဏ္ဍိုင်(၄) ရပ်ရဲ့ အားနည်းချက်တွေထက် ကျွန်တော်တို့ အားနည်းချက်လေးတွေကြောင့်ဒါတွေ ဆက်လက်ရှင်သန်နေတာ ကို အဓိကထား တွေးကြည့်လိုပါတယ်။
မဏ္ဍိုင်လေးရပ်ကြောင့် ကျွန်တော်တို့ပြည်သူတွေ ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာ ကျွန်တော်အစဆွဲထုတ် လို့ ရသလောက် (ဥာဏ်မှီသလောက်) ရေးကြည့်ချင်ပါတယ်။ ဒီနေရာမှာလွတ်လပ်စွာသဘောထားကွဲနိုင်ပါတယ်။ ကျွန်တော်ကစာဖတ်အားနည်းသလို ၀ါဒရေးရာစာပေဖတ်ရှုမှုဟာမရှိသလောက်ဖြစ်လို့ပါ။ ဒါပေမယ့်ကျွန်တော် ကတပါးသူပြောတဲ့စကားတွေကိုအလေးထားနားထောင်တတ်တဲ့ အကျင့်ကလေးရှိတော့ တတ်သိသူတွေရဲ့ စကားတွေကနေ အခြေခံတယ်လို့ တော့ကျွန်တော်ပြောလိုပါတယ်။ မဏ္ဍိုင်(၄)ရပ် ဆိုတာဘာလဲ..
(၁) အုပ်ချုပ်ရေးမဏ္ဍိုင်
(၂)ဥပဒေပြုရေးမဏ္ဍိုင်
(၃)တရားစီရင်ရေးမဏ္ဍိုင်
(၄)စတုတ္ထမဏ္ဍိုင် (သို့) စာနယ်ဇင်း မဏ္ဍိုင် လို့ ရှိပါတယ်။
ကျွန်တော် တစ်ခုချင်းကျွန်တော့်အမြင်လေးကိုရေးပြပါရစေ။ အုပ်ချုပ်ရေးမဏ္ဍိုင်မှာဆိုရင် အာဏာရှင်နိုင်ငံ တွေ မှာက တစ်ပါတီ ကဖြစ်စေ အဖွဲ့အစည်းတစ်ခုကဖြစ်စေ လူတစ်ဦးတစ်ယောက်ကဖြစ်စေနိုင်ငံ့အာဏာ ကိုဆုတ် ကိုင်ထားပီး သူတို့အလိုကျပုံသွင်းနေတာဖြစ်ပါတယ်။ ဒီနေရာမှာကျွန်တော် ပြောချင်တာက စနစ်တခုကို ကောင်းတယ်မကောင်းဘူးလို့ကျွန်တောမဝေဖန်လိုပါဘူး။ ရှိခဲ့တဲ့စနစ်တွေက သူ့အချိန်အတိုင်းအတာအရ အကောင်းဆုံး ပြင်ဆင်ခဲ့ကြတယ်လို့ကျွန်တော်တော့ ယုံကြည်ပါတယ်။ စနစ်တခုမကောင်းပါဘူးလို့ ထောက်ပြ နိုင်လောက်အောင်တော့ ငရွှေအောင်လဲပညာရှင်မဟုတ်ပါ။ ဒါပေမယ့်သေခြာတာတစ်ခု ကတော့စနစ်ကို မောင်းနှင်တဲ့လူတွေကတော့ ကောင်းတဲ့သူအင်မတန်ရှားပါတယ်ဆိုတာပါပဲ။ စနစ်တစ်ခုကိုအင်ဂျင်တစ်ခုလို့ မြင်ကြည့်ပါစို့။ အင်ဂျင်ကအကောင်းဆုံးအင်ဂျင်ကြီး မောင်းနှင်တဲ့ ဆီကတော့ခိုးချက်ထားတဲ့ ချက်ဆီကြီးဆို ပါတော့။ ကောင်းပါတယ်ဆိုတဲ့ အင်ဂျင်ကြီးလဲ သက်တမ်းမစေ့ခင်ဂိမ်းသွားမှာပေါ့။ ဒါကြောင့်တစ်ပါတီတို့ အာဏာရှင်စနစ်တို့ကိုလူတွေကြောက်ရွံနေကြတာပါ။ ဒီစနစ်တွေမှာရွေးချယ်ခွင့်ဆိုတာမရှိဘူးလေ။
အာဏာရှင်တွေဟာ လူထုကိုအကြောက်တရားနဲ့အုပ်ချုပ်တယ်။ လူထုကလဲ အကြောက်တရားရှိတယ်။ အဲဒီ အကြောက်တရားကိုမီးစာထိုးဖို့က အာဏာရှင်ရဲ့တာဝန်။ အကြောက်တရားက ကိုယ့်ရပိုင်ခွင့်တွေမထိခိုက် အောင်ထိန်းသိမ်းဖို့က လူထုရဲ့တာဝန်။ အာဏာရှင်တွေပြုတ်ကျဖို့ဆိုတာနိုင်ငံခြား အကူအညီမဟုတ်ဘူး။ ကမ္ဘာ့ကုလသမ္မဂမဟုတ်ဘူး။ ခေါင်းဆောင်တစ်ယောက်မဟုတ်ဘူး။ အဲဒီနိုင်ငံမှာရှိနေတဲ့ ပြည်သူအားလုံး လွတ်လပ်လိုစိတ်။ ကိုယ့်ကိုပိုင်အခွင့်အရေးကိုသိတဲ့စိတ်။ ဒါတွေသာလူတိုင်းနီးပါးမှာရှိရင် သက်ဦးဆံပိုင် စနစ် တောင်ပြုတ်ကျနိုင်တယ်ဆိုတာမမေ့ပါနဲ့။ တစ်ဦးချင်းကိုယ်ပိုင်လွတ်လပ်လိုစိတ် တနည်း လွတ်လပ်တဲ့သဘော အမြင်တွေမရှိကြဘူးဆိုရင် ကျွန်တော်တို့ ဒီလိုစိတ်ဓာတ်မျိုးတွေကိုမွေးယူရပါမယ်။ ဒီစိတ်ဓာတ်တွေကို လူတစ် ဦးတစ်ယောက်ကရော့အင့် ဆိုပြီးပေးလို့ရတဲ့စိတ်ဓာတ်တွေမဟုတ်ပါဘူး။ လွတ်လပ်တဲ့စိတ်ဟာ အမှန်မြင်ပါ တယ်။ လွတ်လပ်တဲ့စိတ်ဟာဖောက်ထွက်တွေးနိုင်ပါတယ်။
ကျွန်တော်လူတွေနဲ့စကားပြောကြည့်တဲ့အခါ လူတိုင်းနီးပါဟာ အာဏာရှင်လက်အောက်မှာမနေလိုပါဘူး။ လူတိုင်းနီးပါလို့ပြောတဲ့အတွက် လူတိုင်းမဟုတ်ဘူးဆိုတာသေ ခြာပါတယ်။ ကျွန်စိတ်ရှိတဲ့လူတွေကတော့ အာဏာရှင်လက်အောက်မှာနေရတာကိုကြိုက်ပါတယ်။ အဲ..အာဏာရှင် လက်အောက်မှာမနေလို သူတွေကိုယ် တိုင်ကတခါတရံမှာ (တခါတရံလို့ပြောရတာတောင်အားနာပါတယ် အမြဲတမ်းနီးပါ) အာဏာရှင်ဆန်နေကြတာ အံ့သြဖွယ်တွေ့နေရပါတယ်။ ကိုယ်နဲ့အမြင်မတူဘူးဆိုရင် ဘာကြောင့်ဒီစကားကိုပြောလဲ။ ဘာအဓိပ္ပါယ် ရှိနေယ်ဆိုတာတောင်မစဉ်းစားနိုင်ဘူး ၀ိုင်းအာကြ ၀ိုင်းတွယ်ကြပါတော့တယ်။ ဒါဘာကြောင့်လဲ ဆိုတော့အာဏာရှင်လက်အောက်မှာနေခဲ့ တော့ ကျွန်စိတ်ကျွန်အတွေးရှိနေလို့ပဲလို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲကျွန်စိတ်ကျွန်အတွေးတွေ မပျောက်သေးပါ။ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ့် ယုံကြည်ချက်ထက် အာဏာရှင်တွေရိုက်သွင်းထားသော ပုံစံခွက်ထဲက ပစ္စည်းတွေလိုဖြစ်နေတယ်။ ကိုယ် ပိုင်ယုံကြည်ချက်တွေကို တခြားသောတံတိုင်းတွေနဲ့ကာထားတတ်တာ ဟာအာဏာရှင်တွေအတွက်တော့ အကြိုက်ဖြစ်နေတတ်ပါတယ်။
ကျွန်တော်တို့ကိုယ်တိုင် မကြိုက်ပါဘူးလို့ပြောနေတဲ့ အာဏာရှင်စနစ်ကို ကျွန်တော်တို့ကိုယ်တိုင် မိသားစုတွေ ရဲ့နေ့စဉ် ဘ၀တွေမှာသုံးနေတာကို ကျွန်တော်တို့မပြင်နိုင်သေးပါဘူး။ ကိုယ်တိုင် တစ်ဦး ချင်း ဆီ ရဲ့လွတ်လပ်မှုကိုတန်ဖိုးထားရမယ်ဆိုတဲ့ ဒီမိုကရေစီစံ အတွက်တော့ကျွန်တော်တို့အားလုံး လိုအပ်နေဆဲပါ။ ခလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာက စလို့အာဏာရှင်စနစ်ကို သုံးပါတယ်။ သူတို့လေးတွေရဲ့ ဆန္ဒတွေကို မေးလေ့မရှိပါ။ ကိုယ်လိုချင်တဲ့ ပုံစံခွက်စံထဲကို အတင်းထိုးထည့်နေတတ်တာတွေ ကိုသတိပြုသင့်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ငယ်ရွယ်သူတွေအမှားလုပ်မိရင်အမှားကို ပြင်ပေးကြတာထက် ငါ့ကိုဒါမျိုးလာမချိုးနဲ့ ငါ လည်းငယ်ရာကကြီးလာတာလို့ဆိုတတ်ကြပါတယ်။ ဒါတွေဟာကျွန်တော့်အမြင်တော့ အာဏာရှင်အသေးစား လေးတွေပါ။ ဒါတွေက တော့အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေးယန္တရားကြီး ဆက်လက်ရှင်သန်စေတဲ့ အကြောင်း အရင်းတွေထဲက သိသာမြင်သာတဲ့အမြင်လေးတွေပါ။
ကျန်မဏ္ဍိုင်တွေဘယ်လိုဆက်လက်ရှင်သန်နေတယ်ဆိုတာကိုဆက်လက်အတွေးဆန့်ကြည့်ပါမယ်။
လွတ်လပ်စွာသဘောထားကွဲနိုင်ပါတယ်။
××××××××××××××××××
-ရွှေအောင်


3 comments:
လုံးဝသဘောတူတယ် ကိုရွှေအောင်။ ဒေါက်တိုင်တွေကို ဖြိုရမယ်ဆိုတာ နအဖရဲ့ ဒေါက်တိုင်တွေကို ဖြိုဖို့ထက် ကိုယ့်ကိုယ်တွင်းက အာဏာရှင်စနစ်ကို ကျားကန်ပေးထားတဲ့ စရိုက်ဆိုး၊ အကျင့်ဆိုး ဒေါက်တိုင်တွေကို အရင်စပြီး ဖြိုရမှာ။
ခရစ်ယာန်ကျမ်းစာက စကားလုံးကို ငှားပြောရရင်.... Salvation Lies within တဲ့။ လွတ်မြောက်အောင် ကယ်တင်ခြင်းဟာ ကိုယ့်ကိုယ်တွင်းမှာပဲရှိတယ်။ ဗုဒ္ဓကလည်း ဒီလိုပဲ ပြောခဲ့တာပဲ။ မိမိကိုယ်သာ အားထားရာတဲ့။
Well done !
ဟုတ်တယ်ကိုပေါ..
ကျွန်တော်ကတော့အဲလိုပဲမြင်တယ်..
ကိုကိုယ်တိုင် အရင်တည်ဆောက်ဖို့လိုတယ်လို့လေ..
အမည်မသိရေ..
ကျေးဇူးတင်ပါတယ်..
မတူတဲ့အမြင်တွေကိုလဲမျှော်လင့်နေပါတယ်
Post a Comment