ယခုကဗျာအား အလွယ်တကူဖတ်မရအောင်ပြုလုပ်ထားရသည်မှာ ကျွန်တော့်သူငယ်ချင်း တစ်ယောက်အား နောက်ပြီးစပ်ထားတဲ့ကဗျာဖြစ်လို့လူတိုင်းဖတ်ရန်မဟုတ်ပါ။ ကျွန်တော့်သူငယ်ချင်း အလုပ်လာရှာတဲ့အချိန်မှာ သူ့အမျိုးသမီးဟာ ကိုယ်ဝန်အရင့်အမာနဲ့ကျန်ခဲ့ပြီး ယခုဆိုရင် သူအလုပ်ရတာသုံးလကျော် ပြီဖြစ်သလို သူမမြင် ရသေး(ဓါတ်ပုံတော့မြင်ပြီးပါပြီ) သူ့သမီးဦးလေးဟာ လဲ သုံးလထဲကျော်ထဲကိုရောက်နေပါပြီ။ သူ့ကိုနောက်ရင်း ရေးလိုက်တဲ့ကဗျာလေးဖြစ်လို့ စကားလုံးတချို့ အမြင်ဟာနဲနဲရိုင်းပါတယ်။
ဖတ်လိုပါက စာအား Select လုပ်ဖတ်ရန်ဖြစ်ပါသည်။ငါမင်းကိုချစ်တယ်...
မင်းရဲ့ဆံပင်တွေကိုချစ်တယ်..
မင်းမျက်လုံးလေးတွေကို ချစ်တယ်..
မင်းနှာတံလေးကို ချစ်တယ်..
မင်းနခမ်းလွှာတွေ ချစ်တယ်..
မွေးခါနီးနေတဲ့မင်းရဲ့ ဗိုက်ဖောင်းဖောင်းလေးကို ချစ်တယ်..
အိုပြောရရင် မင်းခန္ဓာကိုယ်အစိတ် အပိုင်းအားလုံးကို ချစ်တယ်..
မင်းကတော့ငါ့ အတွက်သမီးလေးမွေးပေးထားပြီ..
ငါမမြင်ရသေးတဲ့ ငါ့သမီးလေးကိုချစ်တယ်...
ငါမနမ်းရသေးတဲ့ ငါ့သမီးလေးပါးပြင်ကိုချစ်တယ်..
စကားမပြောတတ်သေးတဲ့ သမီးလေးငိုသံကို ငါချစ်တယ်..
ဘာမှပြန်မပြောတတ်သေးတဲ့ သမီးလေးနဲ့ ဖုန်းထဲမှာစကားပြောတယ်..
သမီးလေးကိုချစ်တယ် မင်းကိုချစ်တယ်...
ငါကအခုတော့အဝေးမှာ..
မင်းနဲ့သမီးလေးရှေ့ရေးသာယာဖို့လေ..
အခုတော့ ငါကဈေးသက်သာတဲ့ဧည့်ခန်းမှာ
နေရတာကို မုန်းတယ်..
တစ်ယောက်ထဲစားနေရတဲ့ငေါင်စင်းစင်း
ညနေထမင်းဝိုင်းကိုငါမုန်းတယ်....
တစ်ယောက်အိပ်ခုတင်ကိုငါမုန်းတယ်...
ခြုံစောင်သေးသေးလေးကိုမုန်းတယ်..
ဝင်ငွေထွက်ငွေဖတ်ပြသံမကြားရတဲ့ညတွေကိုမုန်းတယ်..
မင်းကိုချစ်တဲ့စိတ် သမီးလေးကိုချစ်တဲ့စိတ်
ငါအခု အမုန်းများစွားနေရတဲ့စိတ်တွေကို
ဘီယာထဲမှာရောပြီး...
အခုည တော့ Gaylang မှာအိပ်လိုက်တယ်... :D
(မှတ်ချက်။ ။တကယ်မအိပ်ပါ။ ကျွန်တော်သူ့ကိုနောက်ရင်းလျောက်ရေးလို့ပါ)
×××××××××××××××××
-ရွှေအောင်


3 comments:
ကောင်းရောဟယ်…. နင်ဟာလေ သူများကို စရ နောက်ရမယ်ဆိုရင် သုံးယောက်မရှိဘူး။ (နှစ်ယောက်မရှိဘူးလို့တော့ မပြောတော့ဘူး။ တို့လဲ နောက်ရတာ ၀ါသနာပါတယ်။း-)
သူငယ်ချင်းတွေ အတူတူသွားအိပ်ကြတာလား ဟဲဟဲ
ဟဲဟဲ...တကယ်မအိပ်ပါဘူး ဆိုတော့ Geylang မှာ လူတွေ တကယ်မအိပ်ပဲ ဘာတွေလုပ်တတ်ကြတယ် ဆိုတာ ကြားဘူးတယ်။
Post a Comment