နာတာရှည်လူနာကိုမှဆေးမှားပေးတာလား
မင်းပေးလိုက်တဲ့ဆေးစာကြောင့်
အသက်တွေစတေးခဲ့ရပီ...
နူရာဝဲစွဲ မြေနိမ့်ရာလှံစိုက်
လုပ်ရက်လိုက်တာကွာ....
သားပျောက်တဲ့အမေ
အမိပျောက်တဲ့သား
အားလုံးရဲ့ငိုကြွေးသံတွေ
ခြောက်ခြားခဲ့ရတဲ့
အိမ်မက်တွေ
အခုဆိုတစ်နှစ်တောင်ပြည့်ပေါ့...
သဘာဝကနှိပ်စက်
အုပ်ဆိုးသူကရက်စက်
ငါတို့ ဘယ်လိုရှေ့ဆက်ရမလဲ...
နာဂစ်ရေ...
မင်းပေးလိုက်တဲ့ဒဏ်ရာတွေ
အလူးလူးနဲ့ ရူးရသူတွေကို
မင်းကတော့သိတော့မှာမဟုတ်ဘူး..
ဒါပေမယ့်
ကူရာမဲ့ ငါတို့ဘ၀ကတော့
ကောင်းကင်ပြာကိုကြည့်ရင်း ရှေ့ဆက်ရအုံးမှာပဲ....
××××××××××××
-ရွှေအောင်
မင်းပေးလိုက်တဲ့ဆေးစာကြောင့်
အသက်တွေစတေးခဲ့ရပီ...
နူရာဝဲစွဲ မြေနိမ့်ရာလှံစိုက်
လုပ်ရက်လိုက်တာကွာ....
သားပျောက်တဲ့အမေ
အမိပျောက်တဲ့သား
အားလုံးရဲ့ငိုကြွေးသံတွေ
ခြောက်ခြားခဲ့ရတဲ့
အိမ်မက်တွေ
အခုဆိုတစ်နှစ်တောင်ပြည့်ပေါ့...
သဘာဝကနှိပ်စက်
အုပ်ဆိုးသူကရက်စက်
ငါတို့ ဘယ်လိုရှေ့ဆက်ရမလဲ...
နာဂစ်ရေ...
မင်းပေးလိုက်တဲ့ဒဏ်ရာတွေ
အလူးလူးနဲ့ ရူးရသူတွေကို
မင်းကတော့သိတော့မှာမဟုတ်ဘူး..
ဒါပေမယ့်
ကူရာမဲ့ ငါတို့ဘ၀ကတော့
ကောင်းကင်ပြာကိုကြည့်ရင်း ရှေ့ဆက်ရအုံးမှာပဲ....
××××××××××××
-ရွှေအောင်


3 comments:
""သဘာဝကနှိပ်စက်
အုပ်ဆိုးသူကရက်စက်
ငါတို့ ဘယ်လိုရှေ့ဆက်ရမလဲ...""
""ကူရာမဲ့ ငါတို့ဘ၀ကတော့
ကောင်းကင်ပြာကိုကြည့်ရင်း ရှေ့ဆက်ရအုံးမှာပဲ....""
ကဗျာလေးလာခံစားပါတယ် ဗျာ ....
ဒီလိုပါပဲ ....
တစ်နေ.တော့ကောင်းသွားမှာပါ .............
တ,စရာ ရှားတယ်ထင်ပါ့
နာဂစ်ကို တ
ဆွေးစရာ အေးမယ်မထင်သမှ
ဝေး တမယ် ခင်နှမ
ဩော်..... မွေးမယ် မြင်ပါစ။
မင်္ဂလာပါ ကိုရွှေအောင်ရေ..
ပျောက်သွားတယ်လို့ စိတ်ထဲမှာ ထင်နေတာ၊ တန်းပလိတ်အသစ်နဲ့ဆိုတော့ မသေချာ ဖြစ်နေမိပါတယ်။ ဒီနေ့တော့ ကျွန်နော် ပိုစ့်များ၏ ကွန်မင်းတွေကို ကြည့်ရင်း ရောက်လာတယ်။
ကျန်းခမ်းသာလို့ မာပါစ..
ရွှင်လန်းချမ်းမြေ့ပါစေ....
Post a Comment