ပြောဆိုနေကြတဲ့မနက်ဖြန်တွေ
မျှော်တွေးခဲ့ကြတဲ့အနာဂတ်တွေ
စိမ်းစိုနေတဲ့စိတ်မြင်ကွင်းတွေ
မင်းရင်ခွင်မှာရှိနေတာမင်းသိရဲ့လား
ဧရာဝတီ
နဒီပြာမင်းလှိုင်းကြက်ခွပ်တွေ ငေးရင်း
ငါတို့အနာဂတ်တွေကိုတွေးပျော်ခဲ့ဘူးတယ်
သောင်ပြင်ဖွေးဖွေးရေအေးအေးမှာ
ငါတို့လွတ်လပ်စွာပြေးလွှားချင်ခဲ့တယ်
ဧရာဝတီ
ငါတို့ဘိုးဘေးဟိုးရှေးတည်းက
မင်းဟာတည်ရှိခဲ့တာပါ
ဧရာဝတီ
မင်းသိခဲ့တဲ့အတိတ်သမိုင်းကို
နှောင်းလူတွေသိဖို့မင်းကြိုးစားနေမှာ
ငါယုံပါတယ်
ဧရာဝတီ
ငါတို့တွေမစည်းလုံးလို့လား
ငါတို့တွေသတ္တိနည်းကြလို့လား
ငါတို့တွေဇွဲမရှိကြလို့လား
မင်းဝေဖန်ပါ
ဧရာဝတီ
နောင်သမိုင်းမှာ
ဒီခေတ်ကလူတွေညံ့ခဲ့တယ်လို့တော့
အပြောမခံချင်ခဲ့ရိုးအမှန်ပါ
ဧရာဝတီ
ရွှေပြည်ရွာမြစ်မင်းရယ်လို့
တိုင်တည်ပီးပြောပြချင်တယ်
ဧရာဝတီ
အိုဧရာဝတီ
သင်မြစ်မင်းကိုတိုင်တည်ကာပြောလိုက်မယ်
ငါတို့အောင်ပွဲငါ့ရင်ထဲမှာအမြဲရှိတယ်
ငါဟာလွတ်လပ်သူ
××××××××
ရွှေအောင်


3 comments:
လုပ်လိုက်စမ်းဟ။ ဒါမျိုး။ ကောင်းပ။ ခံစားချက်တွေ ကူးလာအောင် ကောင်းတယ်။
အို........... ဖေတို့ မေတို့
အသည်းနာလွန်းလို့။
(ဘာကိုတိုင်တည်ရမလဲ ၀ါးတားတားဖြစ်သွားလို့ သတိရတာကို တိုင်တည်လိုက်တာ)။
မရေးတာကြာပြီ လိုထင်နေတာ။ အမှန်က ဘလော့ဂ်ပြင်တုန်းက ကိုယ့်ဘာသာ ကိုရွှေအောင့်လင့်ခ်ကို ရိုက်ထည့်ဖို့ မေ့ကျန်ခဲ့တာ ဖြစ်နေတယ်။ အသစ်ရေးတာတွေကို ဘယ်တွေ့ပါ့မလဲ အဟီး။
ငါ့အမပဲ ကျွန်တော်ရေးသမျှကိုလာဖတ်ပီး နားလည်နေ တာ.. :D..
ကိုပေါ ကသားကိုရက်ရက်ဆက်ဆက်ထားခဲ့တာကိုး.. :'(
Post a Comment