Friday, October 2, 2009

သီတင်းကျွတ်


ဆီမီးထိန်ထိန်လင်းပါတဲ့
လချိန်ခါဒီသီတင်းမှာလ
ရွှေပြည်မှာ ဆီမီးထွန်းပါလို့
လူငယ်တွေပျော်....
ငါ့မှာဖြင့်မနက်အလုပ်ဆင်းပါလို့
ညချိန်ခါပင်ပန်းကြီးတာကြောင့်
ရွှေလကိုအေးဆေးမကြည့်နိုင်ဘု
တိုက်ကြားကမျှော်....
××××××
-ရွှေအောင်

5 comments:

ထနောင်း on Friday, October 02, 2009 1:56:00 PM said...

မှန်လိုက်တာ သူငယ်ချင်းရယ်။ ကွက်တိပဲ။

Ko Paw on Friday, October 02, 2009 2:08:00 PM said...

မသိပါဘူးဗျာ။ သီတင်းကျွတ်ဆိုတဲ့ ခေါင်းစဉ်မြင်တော့ လူပျိုကြီးတယောက် ကိုယ့်ကိုယ်ကို ပြန်သတိပေးနေတယ် ထင်လို့ပါ။

သတင်းကျွတ်ပြီ။ မီးပုံးပျံလွှတ်ရအောင် ဆိုတဲ့ ငယ်ငယ်က စာလေးကို သတိရမိတယ်ဗျ။ ဒါထက် ကြုံတုန်းကြွားရရင် ကျနော်က သီတင်းကျွတ်လမပြည့်မီ တရက်မှာ မွေးတာဗျ။ အလင်းရောင်ရဲ့ တမန်တော် ဆိုပါတော့။ ဒါကြောင့်မို့ထင်တယ်။ ကျနော့်အသားအရေက ထိန်နေတာ။ မြင်ဘူးတယ်မို့လား။

Minn on Friday, October 02, 2009 4:32:00 PM said...

သူငယ်ချင်းရယ်

မနက်အလုပ်ဆင်းပါလို့
ညချိန်ခါ ပင်ပန်းကြီးတာကြောင့် ဆိုတာ

ဘာအဓိပါယ်လဲ ဗျာ ရှင်းပါအုံး P:

ဒီမှာလည်း မီးပုံးလေးတွေ ထွန်းနေတယ်လေ ဟာဟ...


ပျော်ရွင်စွာလွမ်းနိုင်ပါစေဗျာ

မင်းအိမ်ဖြူ

Shweaung on Friday, October 02, 2009 5:08:00 PM said...

ထနောင်းရေ..ဘ၀ကဒီလိုပါပဲ :'(

ကိုပေါ....ငိုချင်ရက်လက်တို့လာလုပ်နေတာလား.. ကိုပေါကသီတင်းကျွတ်လပြည့်ခင်မွေးတော့ အလင်းရဲ့တမန်တော်ဟုတ်မဟုတ်တော့ကျွန်တော်မသိ ဘူး.. မှိုင်းဝနေတဲ့မီးပုံပျံနဲ့တော့တူတယ် :D

မင်းအိမ်ဖြူရေ.. သတ်ရင်သတ်မပြောဘူး.. သူများအထင်ကြီးနည်းလား..

ရှင်သန်ခြင်း said...

စိတ်မကောင်းပါဘူး မောင်ရွှေအောင်ရေ။ မင်းထင်သလို ရွှေပြည်ကြီးမှာလည်း ဆီမီးတွေ မထိန်နိုင်ပါဘူး။ ဖယောင်းတိုင်နဲ့ မီးပုံး နေနေသာသာ စားဖို့တောင် အနိုင်နိုင်မို့ ရွှေပြည်ကြီးသားတွေမှာလည်း (သူများတွေရဲ့)တိုက်ကြားကပဲ ဖိုးလမင်းကို မျှော်နေကြရပါတယ်ကွယ်။

မြန်မာ့ဂုဏ်ဆောင်

မြန်မာ့ဂုဏ်ဆောင်

လူထုခေါင်းဆောင်

လူထုခေါင်းဆောင်

ဒီလတော့ဒီလောက်ရှိပြီ

 

စိမ်းလန်းသောမြေ. Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Blogger Template by Bloganol dot com