Thursday, December 31, 2009

နှုတ်ဆက်ခြင်းနဲ့ကြိုဆိုခြင်း

2 comments
နောက်ကိုလှည့်ကြည့်လိုက်တယ်..
တိုးတတ်မှု ကြီးမားတဲ့ပြောင်းလဲမှု
ဘာမှမရှိ
မှတ်တိုင်မရှိ
မှတ်တမ်းမ၀င်
2008
ထက်နည်းနည်းပိုတဲ့
အတွေ့အကြုံ ၀င်ငွေပေါ်မှာပဲ
ကျေနပ်လိုက်ပါတယ်..
2009
ဖြတ်သန်းမှုကိုသင်ခန်းစာယူလို့
2010
ကိုအားမာန်အပြည့်နဲ့
ဖြတ်သန်းမယ်..
ပန်းတိုင်ဆိုတာဝေးတယ်မရှိပါဘူး...
×××××××××
-ရွှေအောင်

Wednesday, December 30, 2009

စကားတခွန်း

2 comments
ဒီနေ့ မိုးမရွာပါ
ဟိမ၀န္တာ အအေးလှိုင်းလဲ
မဖြတ်ခဲ့ပါ....
ခက်ခဲတဲ့ မေးခွန်းတွေလဲ
မမေးကြပါ....
ဒါပေမယ့်
ငါ့လက်တွေအေးစက်နေတယ်
ချစ်သူ...
××××××××
-ရွှေအောင်

Thursday, December 17, 2009

သူ့ကိုတွေ့ဆုံခြင်း

3 comments
ပျော့ပြောင်းတဲ့လက်တစုံက
အပြင်းဆုံးခွန်အားတွေပေးတယ်..
တိုးညင်းတဲ့ စကားသံက
သံသယတွေ ပျောက်ဆုံးစေတယ်...
ရုတ်တရက်မြင်လိုက်ရတဲ့
တည်ငြိမ်တဲ့မျက်နှာက
သတ္တိတွေကိုရုတ်ချည်းပေါက်ဖွားစေတယ်...
ဒါပေမယ့်
အမှားများတဲ့သူတွေကတော့
အမှန်တရားကိုရင်ဆိုင်ဖို့ကြောက်နေဆဲပဲ...
××××××××××
-ရွှေအောင်

မြန်မာ့ဂုဏ်ဆောင်

မြန်မာ့ဂုဏ်ဆောင်

လူထုခေါင်းဆောင်

လူထုခေါင်းဆောင်

ဒီလတော့ဒီလောက်ရှိပြီ

 

စိမ်းလန်းသောမြေ. Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Blogger Template by Bloganol dot com